ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အသိပညာပေး (Talk Show) ဆောင်ရွက်

ပန်းဘဲတန်း      စက်တင်ဘာ      ၁၃

စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး (Talk Show) ကို ယမန်နေ့နံနက် (၁၀:၀၀)နာရီအချိန် က   ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  လူထုအခြေပြုဗဟိုဌာန (Community  Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပန်းဘဲတန်းမြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်နွဲ့နှင့် မြန်မာနိုင်ငံစာရေးဆရာ အသင်းအဖွဲ့ဝင် စာရေးဆရာမ ညွန့်ညွန့်(ကလော) တို့က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လူကုန်ကူးမှု၏အဓိပ္ပာယ်၊   လူကုန်ကူးခံရသူများအား ကာကွယ်စောင့်ရှောက်မှုအကြောင်း၊ လူကုန်ကူးမှုအန္တရာယ်နှင့် လူကုန်ကူးခြင်းခံရသူများ ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်ပေးမှု၊ လူကုန်ကူးမှုအများဆုံး နိုင်ငံများအကြောင်းနှင့် လက်ရှိလူကုန်ကူးခံရမှုအခြေအနေများအကြောင်း စသည့်တို့ကို ဆွေးနွေးခဲ့ သည်။

လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်  Talk Show ကို   ပန်းဘဲတန်းမြို့နယ်၊    ပြည်သူ့စာကြည့်တိုက် Facebook Page မှတစ်ဆင့် ထုတ်လွှင်တင်ဆက်ပေးသွားမည်ဖြစ်ပြီး   ပန်းဘဲတန်းမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် ပြည်သူများ   အသိပညာဗဟုသု ရရှိစေရေးအတွက် Talk Show  အစီအစဉ်များ   ဆက်လက်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

ကြည်ကြည်နွဲ့ (ပြန်/ဆက်)