ဝမ်းတွင်း စက်တင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများအား ကြည့်ရှုအားပေးခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား Maskများ ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က အ.လ.ကအမှတ် (၅)တွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးဦးမှ ကိုဗစ်၁၉ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံစေရေး အသိပညာပေးခြင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်၁၉စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ နေအိမ်ပြင်ပသို့ ထွက်ခွာ သည့်အခါ တိုင်းနှာခေါင်းစည်းMaskများကို စနစ်တကျတပ်ဆင်ကြရန်ဆွေးနွေးပြောကြားခဲ့ ကြောင်းသိရသည်။ ထို့နောက် ကိုဗစ် ၁၉ရောဂါကာကွယ်ဆေးထိုးခြင်းများအား ကြည့်ရှု အားပေးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ သွားလာ နေထိုင်တပ်စေရန် Maskများ တပ်ဆင်ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်၁၉ရောဂါ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများအား ကြည့်ရှုအားပေးခြင်းနှင့် ကျောင်းသားကျောင်းသူများအားMask များ ဖြန့်ဝေခြင်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုးဦး ဦးဆောင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်းထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းမှတာဝန်ရှိသူများ၊ ဆရာဆရာမများမှဆောင်ရွက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ အား Mask အခု(၁၀၀၀၀) ဝေငှပေးခဲ့ကြောင်း သိရသည်။
ရဲမျိုးသက်