လားရှိုး စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က လားရှိုးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လားရှိုးခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ ဒေါ်နန်းဟန်နီလင်းကို က ကျောင်းသား၊ ကျောင်းသူများအား သဘာ၀ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ‘ကြိုတင်ကာကွယ် သဘာ၀ဘေးအန္တရာယ်’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများအတွက် သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ၊ ကျောင်းသုံးစာရေးကိရိယာများနှင့် လက်ဆေးဆပ်ပြာဆီများပေးအပ်ခဲ့ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး