ကျိုင်းတုံ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ အမှတ်(၉၂)စက်မှုလယ်ယာစခန်းမှ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစခန်းဝန်းတွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးရဲနိုင် က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စက်မှုလယ်ယာဦးစီးဌာန၊ ပြည်နယ်ခွဲဦးစီးမှူး ဦးဝင်းဇော် က တောင်သူများအနေဖြင့် လယ်ယာလုပ်ငန်းခွင်တွင် မြေယာပြုပြင်ထွန်ယက်ခြင်း၊ စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြင်းလုပ်ငန်းများကို လူလုပ်အား၊ ကျွဲ/နွား လုပ်အားတွေအစား စက်ကိရိယာများကို အပြည့်အဝတပ်ဆင်၍ ကျွမ်းကျင်စွာ အသုံးပြု မောင်းနှင် ထိန်းသိမ်းနိုင်ရေး၊ မိမိနှင့်မိမိပတ်ဝန်းကျင်ရှိ တောင်သူများအား လယ်ယာသုံး စက်ကိရိယာများနှင့်ပတ်သက်သော အခက်အခဲများကို ကူညီဖြေရှင်းနိုင်ရေး စသည့် ရည်ရွယ်ချက်များဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ကြည်မင်းသိန်း က သင်တန်းသားများအား လယ်ယာသုံး စက်ကိရိယာ သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။
အဆိုပါ သင်တန်းတွင် ထွန်စက်ကြီးများ မောင်းနှင်ထိန်းသိမ်းခြင်း၊ လက်တွန်းထွန်စက် ပြုပြင်ထိန်းသိမ်းခြင်း၊ ရိုတ်သိမ်းချွေလေ့စက် မောင်းနှင်ခြင်း စသည့်ဘာသာရပ်များကို စက်တက်ဘာ ၁၂ ရက်မှ ၂၃ ရက်ထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချ့ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျိုင်းတုံမြို့နယ်မှ တောင်သူ ၃၀ ဦး တက်ရောက်ကြောင်း စက်မှုလယ်ယာဦးစီးဌာန၊ ကျိုင်းတုံမြို့နယ်ဦးစီးမှူး ဦးသက်ဇော်ထံမှ သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)