မိုးနဲ စက်တင်ဘာ ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဝန်ထမ်းများက ကျောင်းသားလူငယ်၊လူရွယ်များ ပြင်ပစာပေဗဟုသုတရရှိစေရန်၊ စာဖတ်ရှိန်မြှင့်တင်နိုင်ရန် ရည်ရွယ်ပြီး ယမန်နေ့နံနက် ၁၀ နာရီအချိန်က Mobile library စနစ်ဖြင့် ဥယျာဉ် အခြေခံပညာမူလတန်းကျောင်းသို့ ကွင်းဆင်းသွားရောက်၍ စာအုပ်များ (အခမဲ့) ငှားရမ်းပေးခြင်းကို ဆောင်ရွက်ကြသည်။
အဆိုပါ Mobile library စနစ်ဖြင့် စာအုပ်စာစောင်ပြသခြင်းနှင့် ငှားရမ်းပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ စာပေကိုအလွယ် တကူလေ့လာဖတ်ရှုနိုင်ရန်အတွက် သုတ/ရသ စာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်း စာအုပ်များ၊ စကားပုံစာအုပ်များ၊ ဂျာနယ်များစသည့် ကလေးများ အသိပညာဗဟုသုတရရှိစေမည့် စာအုပ်စာစောင်များကို Mobile library စနစ်ဖြင့်ငှားရမ်းပေးခြင်းကို အပတ်စဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအား Mobile library စနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်း၊ ဖတ်ရှုပြီးစာအုပ်များ ပြန်လည်သိမ်းခြင်း၊ အသစ်ထပ်မံငှားရမ်းဖတ်ရှုနိုင်ရန် ဆောင်ရွက်ပေးခြင်းနှင့် စာငှားအသင်းဝင်ကတ်များကိုလည်း အခမဲ့ပြုလုပ်ပေးလျက်ရှိကြောင်း မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။
မြို့နယ်(ပြန်/ဆက်)