နောင်ချို စက်တင်ဘာလ ၁၅
ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် စည်ပင်သာယာရေးကော်မတီ၏ အရပ်ရပ်အခွင့်အရေးလိုင်စင် များအား ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် သက်တမ်းတိုး စီစစ်ရောင်းချခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန် က နောင်ချိုမြို့နယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးမျိုးဝင်းဇော် က အရပ်ရပ် အခွင့်အရေး လိုင်စင်များ သက်တမ်းတိုးစိစစ်ရောင်းချရေးဆိုင်ရာ စည်းကမ်းချက်များနှင့် လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်များ အား ဆွေးနွေးရှင်းလင်းခဲ့ကာ တက်ရောက်လာသူများ၏ မေးမြန်းမှုများအပေါ် အမှုဆောင်အရာရှိမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
ယင်းနောက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ သက်တမ်းတိုးစိစစ်ရောင်းချရေးကော်မတီ မှ လိုင်စင်အလိုက် လျှောက်ထားသူ တစ်ဦးချင်းအား သတ်မှတ်အရည်အချင်းများနှင့် ကိုက်ညီမှု ရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိသော လုပ်ငန်း (၁၅) မျိုးအား သက်တမ်းတိုး စိစစ်ရောင်းချ ပေးခဲ့ကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ပြန်/ဆက်)