သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်နိုင်ရေး နှာခေါင်းစည်း(Mask)များ ပေးအပ်လှူဒါန်း

သန်လျင် စက်တင်ဘာ ၁၅

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က သန်လျင်မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ နှာခေါင်းစည်း Mask များ ပေးအပ် လှူဒါန်းပွဲ ကျင်းပခဲ့သည်၊၊

အဆိုပါလှူဒါန်းပွဲတွင် သန်လျင်မြို့နေ ဦးစိန်လွင်+ဒေါ်ဖြူဖြူခိုင် (ရတနာရှင်းသန့်ကုမ္ပဏီ)မိသားစုက     တန်ဖိုးငွေကျပ်(၈၀၀၀၀၀/-)တန်ဖိုးရှိ နှာခေါင်းစည်း Mask လေးသောင်းကို ပေးအပ်လှူဒါန်းရာ  လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ် ကိုဗစ်-၁၉  ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဝင်များက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၄) ဦးရှိသည့်အတွက် ရောဂါပျံ့နှံ့မှု မဖြစ်ပေါ် ရေး၊ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အဖွဲ့များခွဲကာ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အရှိန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

သန်းဝင်း(သန်လျင်)