ကျိုက်ထို စက်တင်ဘာ ၁၂
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရေးအတွက် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေသော ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို စက်တင်ဘာ ၁၂ ရက်နံနက် ၁၀ နာရီတွင် စုရပ်နေရာဖြစ်သည့် အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းရာပြည့် ခန်းမတွင်ထိုးနှံပေးခဲ့သည်။
ယင်းသို့ထိုးနှံပေးရာတွင် တစ်ကြိမ်တစ်ခါမှ မထိုးနှံရသည့် ကျောင်းသား ကျောင်းသူများအား ပထမအကြိမ်အဖြစ် (Sinovan) ကာကွယ်ဆေးအားလည်းကောင်း၊ ဒုတိယ အကြိမ်အဖြစ် လာရောက်ထိုးနှံသည့် ကျောင်းသားကျောင်းသူများကို (SinophaRn) ကာကွယ်ဆေးအားလည်းကောင်း ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးခဲ့သည်။
ယနေ့တွင် အခြေခံပညာကျောင်း(၉)ကျောင်းမှ ကျေင်းသားကျောင်းသူ (၁၆၁) ဦး လာရောက်ထိုးနှံကြရာ ပထမအကြိမ်အဖြစ် ထိုးနှံသူ(၁၂၆)ဦး ဒုတိယအကြိမ်အဖြစ် လာရောက်ထိုးနှံသူ(၃၅)ဦး လာရောက်ထိုးနှံခဲ့ကြောင်းသိရသည်။
အကြောင်းအမျိုးမျိုးကြောင့် လာရောက်မထိုးနှံရသေးသည့် ကျောင်းသားကျောင်းသူများအား စုရပ်နေရာများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့်ဖြင့် ရောဂါကူးစက်ပြန့်နှံမှုမရှိစေရေးအတွက် အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိပြီး ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့၊ မြို့နယ်ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ မြို့နယ်ဆရာဝန်ကြီးနှင့်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသူများကို အဆင်ပြေချောမွေ့စွာဆေးထိုးနှံနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ဝင်းမောင်(ပြန်/ ဆက်)