တံတားမြို့၌ အသက်(၉)နှစ်မှ(၁၀)နှစ်အတွင်း ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ( Cervical Cancer) ကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေး

တံတား   စက်တင်ဘာ   ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ကျောင်းသူလေးများအား သားအိမ်ခေါင်းကင်ဆာ(Cervical Cancer)ကာကွယ်ဆေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိသည်။

အဆိုပါသားအိမ်ခေါင်းကင်ဆာရောဂါသည် Human Papillomavirus(HPV) (ကြွက်နို့ပိုး)ကြောင့် ဖြစ်ပွားတတ်ရာ စောစီးစွာသိရှိပါက ကုသ၍ပျောက်ကင်းနိုင်သော ရောဂါဖြစ်သည်၊ (HPV)virus ကြောင့် ကြွက်နို့များဖြစ်ခြင်း၊ နာကျင်ခြင်းနှင့်သွေးထွက်ခြင်း၊ သွေးအားနည်းရောဂါဖြစ်ခြင်း၊ ဆီးသွားခြင်းဆိုင်ရာပြသာနာများ၊ ခြေထောက်၊ တင်ပါး၊ ကျောဘက်နာကျင်ခြင်း၊ ကိုယ်အလေးချိန်ကျဆင်းခြင်းစသည့်ရောဂါများ မဖြစ်ပွားစေရေးအတွက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ၉ နှစ်မှ ၁၀နှစ်အတွင်း ကျောင်းသူ စုစုပေါင်း(၄၄)ဦးအား (Cervical Cancer)ကာကွယ်ဆေး(HPV VACCINE)ကို ဒုတိယအကြိမ်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မိုးဖြူလွင် (တံတား)