တနိုင်းခရိုင်တွင် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

တနိုင်း စက်တင်ဘာ ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၌ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့တွင် ကျရောက်မည့် (၅၈) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို  ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေး ဆောင်ရွက်မှုကို ယမန်နေ့နံနက် ၈ နာရီက  မူလတန်းလွန်ဟူးကောင်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ထို့သို့ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်း‌ရေးဆောင်ရွက်ရာတွင် တနိုင်းခရိုင် ယာယီဒုတိယရဲမှူးကြီးဌေးဦး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦး၊ မြို့မစခန်းမှူး ဒုရဲမှူစိုးမြင့်နှင့် တပ်ဖွဲ့ဝင်များက မူလတန်းလွန် ဟူးကောင်းကျောင်းအတွင်းရှိ သစ်ပင်ချုံနွယ်များ ရှင်းလင်းခြင်း၊ မြက်ပင်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

မနောမြေ(တနိုင်း)