တနိုင်း စက်တင်ဘာ ၁၂
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ခံရ မှုမရှိစေရန် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ နေအိမ်ပြင်ပထွက်ခွာသူများ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာသည့် အလေ့အကျင့်များ လိုက်နာကျင့်သုံးစေရန် Mask Campaign အရှိန်အဟုန်မြှင့်အသိပညာပေးခြင်းကို စက်တင်ဘာလ ၁၁ ရက်နေ့နံနက် ၇ နာရီခွဲက တနိုင်းမြို့ လူစည်ကားသည့် စည်ပင်သာယာဈေးနှင့် မြို့မရဲစခန်းရှေ့လမ်းဆုံ နေရာ၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်အမျိုးသမီးရေးရာ အသင်းအဖွဲ့၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့တို့ ပူးပေါင်း၍ ဒေသအတွင်းသွားလာကြသည့် ခရီးသွားပြည်သူများနှင့် စျေးရောင်း၊ စျေးဝယ် မိဘပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များကို ဆက်လက်လိုက်နာကျင့်သုံးကြရန်၊ ပါးစပ်နှာခေါင်း (Mask) ကို လူထူထပ်သောနေရာများသို့ သွားလာပါက စနစ်တစ်ကျ တပ်ဆင်သွား လာကြရန် အသိပညာပေးပြီး နှာခေါင်းစည်း (Mask) (၁၀၀၀) ခုရေ အား အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
မနောမြေ(တနိုင်း)