မက်မန်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းခရိုင်၊ မက်မန်းမြို့၌ "ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်" အကြို အထက်တန်းနှင့် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့မွန်းလွဲ ၁ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အိအိအောင်က စာစီစာကုံးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းအဆင့် ကျောင်းသားကျောင်းသူ(၁၆)ဦး၊ အလယ်တန်းအဆင့်(၅)ဦးတို့မှ “အကျွန့်ဆရာ”ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ လိမ္မာရေးခြားရှိစေရေး၊ စာပေရေးသားခြင်း အလေ့အထကောင်းများ တိုးတက်လာစေရေးနှင့် စာပေဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
စိုင်းရွှေအောင်(ပြန်/ဆက်)