တွံတေး စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ကျန်းမာရေးဦးစီးဌာနသို့ ဆေးတက္ကသိုလ်(၁)ရန်ကုန်မှ နောက်ဆုံးနှစ် အမ်ဘီဘီအက်စ် အပိုင်း(က)(၂/၂၀၂၂)သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများ ကွင်းဆင်းလေ့လာရေးခရီး ယနေ့နံနက် ၉ နာရီခွဲက အဆိုပါကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမသို့ရောက်ရှိကြောင်း သိရသည်။
ရှေးဦးစွာကွင်းဆင်းလေ့လာရေးကြီးကြပ်သူဆရာမများဖြစ်သော ကထိက ဆေး(၁)မှ ဒေါက်တာမျိုးမမနှင့် ဒေါက်တာအေးသီတာထွန်းတို့က မိတ်ဆက်စကားပြောကြားပြီး ကွင်းဆင်းလေ့လာဆောင်ရွက်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှက တွံတေးမြို့နယ်တွင် ကျန်းမာရေးစောင့်ရှောက်နေမှုလုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ကုသရေးဆရာဝန်များက လုပ်ငန်းတာဝန်များထပ်ဆင့်ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် ကွင်းဆင်းလေ့လာရေးအဖွဲ့က စစ်တမ်းများကောက်ယူကြကြောင်း သိရသည်။ အဆိုပါကွင်းဆင်းလေ့လာရေးခရီးစဉ်တွင် ကြီးကြပ်သူဆရာများဖြစ်သည့် ကထိကဒေါက်တာမျိုးမမ၊ ဒေါက်တာအေးသီတာထွန်းနှင့်အတူ သင်တန်းသားကျောင်းသား၊ ကျောင်းသူ(၂၅)ဦးက တွံတေးမြို့နယ်အတွင်းရှိ တိုက်နယ်ဆေးရုံ၊ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန၊ ကျေးလက်ပြည်သူ့ကျန်းမာရေးဌာန(ခွဲ)များသို့ နေ့ချင်းပြန်ရက်သတ္တပတ်(၁)ပတ်ကြာ ကွင်းဆင်းလေ့လာသွားမည်ဖြစ်ကြောင်းသိရသည်။
တွံတေးသား