ဟိုပင် စက်တင်ဘာလ ၁၂
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center)ခန်းမ၌ ကလေးများအား အသိပညာဗဟုသုတ တိုးပွါးစေရန်၊ တီထွင်ကြံဆ တတ်စေရန်ရည်ရွယ်၍ စက္ကူခေါက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများအပြင် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ဒေါ်လင်းသွယ်သွယ်ဦးက လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေးအကြောင်း သိကောင်းစရာများ ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောကာ စက္ကူခေါက်ပြိုင်ပွဲနှင့် ပုံပြင်ပြောပြိုင်ပွဲများတွင် စာဖတ်ပရိတ်သတ်၊ မူလတန်းအဆင့် ကျောင်းသား/သူ(၁၅)ဦးတို့ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကျောင်းသား/ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
လင်းသွယ်သွယ်ဦး
(ပြန်/ဆက်)