ဥတ္တရသီရိမြို့နယ်တွင် နှာခေါင်းစည်း (Mask)များ အခမဲ့ဖြန့်ဝေ

ဥတ္တရသီရိ   စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကာလတွင် ပြည်သူများ ရောဂါပြန့်ပွားမှု မရှိစေရေးအတွက် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ ၊ နေပြည်တော် ဥတ္တရသီရိမြို့နယ် ရွှေသဇင်စျေးတွင် ဆောင်ရွက်ခဲ့သည်။

ထို့သို့ ဆောင်ရွက်ရာတွင် ဥတ္တရသီရိမြို့နယ် ဘုရားကုန်းမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်မြင့်စိုးနှင့် တပ်ဖွဲ့ဝင်များ၊ စျေးတာဝန်ခံများနှင့် တာဝန် ရှိသူများက စျေးအတွင်းရှိ စျေးရောင်းစျေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်ရေးအသိပညာပေး ဟောပြောခြင်း၊ နှာခေါင်း စည်း တပ်ဆင်ထားခြင်းမရှိသူများအား နှားခေါင်းစည်းများ တပ်​ဆင်ပေးခြင်းနှင့် အခမဲ့ ဖြန့်ဝေ ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို (ပြန်/ဆက်)