လသာ စက်တင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လသာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ကူးစက်မှု ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီက ဘတ်စ်ကား မှတ်တိုင်များတွင် ပြည်သူများအား မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်အသုံးပြုရေးအတွက် နှာခေါင်း စည်းများ ဝေငှခြင်း ( Mask Campaign) အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် လသာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ထွန်းနှင့် ဝန်ထမ်းများက ဘတ်စ်ကားမှတ်တိုင်များတွင် သွားလာနေကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်ကာ နှာခေါင်စည်း (Mask)များ ဖြန့်ဝေခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများကို ဆောင်ရွက်ပေးခဲ့ ကြကြောင်း သိရသည်။
မေသူ(ပြန်/ဆက်)