ဖားကန့် စက်တင်ဘာလ ၁2
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံး Community Centre ခန်းမတွင် စက်တင်ဘာလ ၉ ရက် နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အကြိုပြပွဲ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ သဘာဝပတ်ဝန်းကျင်နှင့် ပက်သက်သည့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြုလုပ်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြို့နယ်ပတ်ဝန်း ကျင်ထိန်း သိမ်းရေး ဦးစီးဌာနမှ ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြပွဲပြိုင်ပွဲများအပြီးတွင် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသက်လွင်ဦးမှ တက်ရောက်လာကြသည့် ကျောင်းသား/သူများအား သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ အသိပညာများ၊ အိုဇုန်းလွှာ ထိန်းသိမ်းရေးလုပ်ငန်းစဉ်နှင့် အသိပညာများ ဟောပြောခဲ့သည်။
အဆိုပါ အခမ်းအနားတွင် ဖားကန့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူ စုစုပေါင်း (၃၀)ဦးခန့် တက်ရောင်ခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်