တနိုင်းမြို့နယ် ရေနံကုန်းကျေးရွာ- မူလတန်းလွန်‌ ကျောင်းတွင် အလျားပေ (၁၂၀) အနံပေ (၃၀) ရှိ Steel Structure (၁) ထပ် ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနားကျင်းပ

တနိုင်း    စက်တင်ဘာ    ၁၂

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရေနံကုန်းကျေးရွာ မူလတန်းလွန်‌ကျောင်းတွင် အလျားပေ (၁၂၀) အနံပေ (၃၀) ရှိ Steel Structure (၁) ထပ်  ကျောင်းဆောင်သစ် ပန္နက်တင်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၀) ရက်နေ့ နံနက် (၉) နာရီက ကျင်းပခဲ့သည်။
ထို့နောက် ရေနံကုန်းမှ ခရစ်ယာန်ဘုန်းတော်ကြီး ၂ ပါးမှ ဆုတောင်မင်္ဂလာပြုပြီး မြို့နယ်ပညာရေးမှူး ဒေါ်‌ရွှေနယ်ဇိန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖ၊ ခရစ်ယာန် ဘုန်းတော်ကြီး၊  ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများက မင်္ဂလာအချိန်တွင် ပန္နက်တော် တင်ကြပြီး အမွေးနံသာများဖြင့် ဖက်ဖြန်းကြကြောင်း သိရသည်။

မနောမြေ(တနိုင်း)