ရမည်းသင်း စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ အမှတ်(၃)စစ်အခြေခံလေ့ကျင့်ရေးတပ်၊ မြို့နယ်ဆီကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ ရမည်းသင်းမြို့နယ် နေပြည်သူများအတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ကြက်ဉ၊ အာလူး၊ ကြက်သွန်နီနှင့်ဟင်း သီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ယမန်နေ့နံနက် ၈နာရီမှစ၍ ရမည်းသင်းမြို့၊ ရန်အောင်မြင်ဓမ္မာရုံရှေ့ တွင် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ ရောင်းချပေးရာတွင် ပြည်သူတစ်ဦးလျှင် ဆန်တစ်ပြည်လျှင် ၁၄၀ဝိ ကျပ်၊ကြက်သွန်နီ တစ်ပိဿာ(၂၀၀၀)ကျပ်၊ အာလူးပိဿာ (၂၀၀၀)ကျပ်၊ ကြက်ဉတစ်လုံး ၁၆၀ကျပ်၊စည်သွပ်ဘူး၊ အိုင်အိုဒင်းဆာနှင့် ဟင်းသီးဟင်းရွက်တို့ကိုလည်းကောင်း၊ မြို့နယ်ဆီကုန်သည်များအသင်းမှ တစ်ဦးလျှင် ဆီ (၅၀)ကျပ်သား(၂၇၅၀)ကျပ်ဖြင့်လည်းကောင်း ပြည်သူများ လက်ဝယ်အရောက် အမှတ်(၃) စစ်အခြေခံလေ့ကျင့်တပ်၊ အရာရှိစစ်များ၊ စည်းကမ်းထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင် များ၊ခရိုင်/မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းကမ်းထိန်းသိမ်းရေးကော်မတီဉက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ အဖွဲ့ဝင်များမှရောင်းချ ပေးခဲ့ကြောင်း သိရသည်။
အခြေခံစားသောက်ကုန်ဆန်၊ ဆီ၊ ကြက်ဉ၊အာလူး၊ ကြက်သွန်နီနှင့် ဟင်းသီးဟင်းရွက်တို့ကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးနေခြင်းကို ရမည်းသင်းမြို့အမှတ်(၃)စစ်အခြေခံတပ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်မြင့်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ရွှေသိန်းနှင့်အဖွဲ့ဝင်များကကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင် ပြန်/ဆက်)