(၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူအကျိုးပြုလုပ်ငန်းများဆောင်ရွက်

ကျောက်ဆည်  စက်တင်ဘာ  ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ရဲတပ်ဖွဲ့မှ (၅၈)နှစ်မြောက်မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများအား ယမန်နေ့နံနက်(၇)နာရီက ကျောက်ဆည်မြို့ အထွေထွေ ရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်သည့် သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးအောင်မင်းစိန် ဦးဆောင်မှုဖြင့် ခရိုင်/မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ အမှတ်(၉၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များ၊ ခရိုင်သတင်းတပ်စုရုံးမှ တပ်ဖွဲ့ဝင်များစုပေါင်းပြီး ပြည်သူ့ဆေးရုံကြီးအတွင်းရှိ ခြုံနွယ်များ၊ ပေါင်းမြက်များနှင့် အမှိုက်များကို ခုတ်ထွင်ရှင်းခဲ့ပြီး စနစ်တကျစွန့်ပစ်ခဲ့ကြောင်း သိရသည်။

သက်မောင်