ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ ပြည်သူများစားနပ်ရိက္ခာဖူလုံရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၈) နာရီက ကျောက်ဆည်မြို့ အေးမြကြည်လင်ဈေးနှင့် လေးမျက်နှာ ဘုရားဝင်းအတွင်းနေရာ(၂)နေရာတွင် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ အာလူး၊ ခရမ်း ချဉ်သီး၊ အသားဗူး၊ ငါးဗူး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။
ထိုသို့ရောင်းချရာတွင် စားအုန်းဆီများ သတ်မှတ်အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီရေး၊ စားသုံးသူ ပြည်သူများ ကျန်းမာရေးနှင့်ညီညွှတ်သော စားသုံးဆီများသုံးစွဲနိုင်ရေး ပြည်သူများလက်ဝယ်သို့ မှန်ကန် မြန်ဆန်စွာရောက်ရှိရေး၊ ပြည်သူများအဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေး စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျင်ဌေးက စားသုံးဆီဝယ်ယူရောင်းခွင့်ရရှိသည့် ကုန်သည်များအနေဖြင့် စားသုံးဆီများကို ရန်ကုန်အထိုင်ဈေး၊ ရည်ညွှန်း လက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များထပ်ပေါင်း၍ (၂)ရာခိုင်နှုန်း အမြတ်ထက် မပိုသော ဈေးနှုန်းဖြင့် ဈေးကွက်အတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြင့်ရောင်းချ ရေးများ ဖြစ်စေရန် စနစ်တကျ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင် စားအုန်းဆီ(၁)ပိသာနှုန်းဖြင့်ရောင်းချခဲ့သည့်အပြင် စားနပ်ရိက္ခာ ဖူလုံရေး၊ အထောက်အကူဖြစ်စေရန်အတွက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တပ်နယ်မှူးရုံး (ကျောက်ဆည်)မှ အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊အာလူ၊ ခရမ်းချဉ် သီး၊ အသားဗူး၊ ငါးဗူး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချခဲ့ကြောင်း သိရသည်။
သက်မောင်