ရမည်းသင်း စက်တင်ဘာ ၁၁
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ အခမ်းအနားမှူးသင်တန်း လက်တွေ့ပြုလုပ်ခြင်း ပြိုင်ပွဲကို စက်တင်ဘာ ၁၁ ရက် နံနက် ၉ နာရီက ရမည်းသင်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက အခမ်းအနားမှူးကောင်း တစ်ယောက်တွင် ရှိရမည့် အဓိကအရည်အချင်းများ၊ အသုံးအနှုန်းဝေါဟာရများ မှန်ကန်စွာ သုံးစွဲပြောဆိုခြင်း၊ ကြိုတင်ပြင်ဆင်မှုနှင့် အခမ်းအနားအမျိုးမျိုး၏ ပန်ကြားခြင်း၊ ဖိတ်ကြားခြင်း၊ ဖိတ်ခေါ်ခြင်း၊ အဖွင့်ကြေညာခြင်း၊ အပိတ်ကြေညာခြင်း၊ သတိထားရမည့် ဝါစဉ်နှင့် အစီအစဉ် အပြောင်းအလဲ ကြားဖြတ်ကြေညာခြင်း စသည်တို့ကို ရှင်းလင်းပို့ချဆွေးနွေးပြီး ရမည်းသင်းခရိုင်မီးသတ်ဦးစီး ဌာန ဒုတိယဦးစီးမှူး ဦးသက်ကိုက အခမ်းအနားတစ်ခု အစီအစဉ်ရေးဆွဲနည်းနှင့် အခမ်း အနားမှူးတစ်ဦးမှ အစီအစဉ်ကြေညာနည်းတို့ကို လက်တွေ့ဆောင်ရွက် သင်ကြားပြသပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ရမည်းသင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ ကျောင်းဆရာမများနှင့် ကျောင်းသူလေးများ၊ စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ(၂၆)ဦး တက်ရောက်ကြကာ သင်တန်းကို စက်တင်ဘာ(၉)ရက်မှ(၁၁) ရက်နေ့ထိ ၃ ရက်တာ စာတွေ့ လက်တွေ့ပို့ချခဲ့သည်။ ထို့နောက် သင်တန်းသား၊ သင်တန်းသူများ အားတစ်ဦးချင်းလက်တွေ့ ပြောဆိုယှဉ်ပြိုင်စေပြီး ဆုရရှိသူများ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)