မက်မန်း စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ၌ ပြည်သူများစာဖတ်သည့်အလေ့အထ တိုးပွားလာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
ထိုသို့ဆောင်ရွက်တွင် မက်မန်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဉမ္မာချိုက စာဖတ်ဝိုင်းကျင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားရာ၌ စာပေဖတ်ရှုခြင်းအားဖြင့် အသိပညာဗဟုသုတများစွာရရှိနိုင်ပြီး အမှားအမှန်ခွဲခြားနိုင်သဖြင့် ယခုကဲ့သို့ စာဖတ်ဝိုင်းများကို ကျင်းပပေးရခြင်းဖြစ်ကြောင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)ရေးသားသည့် အောင်မြင်မှုနှင့် ပျော်ရွင်ခြင်းစာအုပ်ပါ လက်တစ်ကမ်းရှိတက်လမ်း၊ သွေးကြောထဲက အင်အားများ၊ အောင်မြင်လိုသလား၊ အောင်မြင်ခြင်းရွှေစည်းမျဉ်း၊ သာလွန်လှပတဲ့မနက်ဖြန်၊ ရွှေရောင်လွမ်း တဲ့အခွင့်အရေးများ စသည့်ခေါင်းစဉ် များဖြင့်အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ စာပေချစ်မြတ်နိုးသူများအသင်း အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များ၊ စုစုပေါင်း ၁၇ဦး တက်ရောက်ခဲ့ကြပြီး စာပေဗဟုသုတများကို စိတ်ပါဝင်စားစွာ အပြန်အလှန်ဆွေးနွေးခဲ့ ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)