မိတ္ထီလာမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကျင်းပ

မိတ္ထီလာ၊  စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ယမန်နေ့နံနက်က ပေါက်ချောင်းရပ်ကွက်၊ မိတ္ထီလာ မြို့နယ်အထွေထွေရောဂါကုဆေးရုံးကြီးရှိ သွေးလှူဘဏ်တွင် လှူဒါန်းခဲ့ကြောင်း သိရသည်။

 (၅၈)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းပွဲကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မြင့်သန်း၊ မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဇော်ဝင်းလှိုင်၊ အမှတ်(၂)နယ်မြေရဲစခန်းမှူး ရဲအုပ် အောင်ဇော်မင်းနှင့် တပ်ဖွဲ့ဝင်များ၊ မိတ္ထီလာမြို့နယ်အထွေထွေရောဂါကုဆေးရုံးကြီးမှ အထူးကုဆရာဝန် ဒေါက်တာ နှင်းနှင်းအောင်၊ အထူးကုဆရာဝန် ဒေါက်တာ ပြုံးဇာခြည်အောင်နှင့် သူနာပြုဆရာမများ တက်ရောက်ခဲ့ကြပြီး  ရဲတပ်ဖွဲ့ဝင် (၁၅)ဦးတို့က သွေးပေါင်ချိန်ခြင်း၊ သွေးစစ်ခြင်းများ ပြုလုပ်ခဲ့ပြီး သွေးလှူဘဏ်သို့ သွေးလှူဒါန်းခဲ့ကြသည်။

ထို့နောက် မိတ္ထီလာမြို့နယ်အထွေထွေရောဂါကုဆေးရုံးကြီးမှ (၅၈)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်းသော မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ပြီး အဆိုပါ စုပေါင်းသွေး လှူဒါန်းခဲ့ကြသည့် တပ်ဖွဲ့ဝင်များအား  ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သက်ထွဋ်က တပ်ဖွဲ့ဝင် များအား ကြက်ဥ၊ အချိုရည်နှင့်   မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူး အောင်မြင့်သန်းက ကြက်ဥ စသည့် ဖြည့်စွက် အာဟာရတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)