ရန်ကင်း စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ဆယ်ကျော်သက် လူငယ်လူရွယ်လေးများ အွန်လိုင်းအသုံးပြုခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကို စာရေးဆရာ မောင်နေအေး(G.T.I)နှင့် ရန်ကင်းမြို့နယ်ရုံးမှ ဝန်ထမ်းများနှင့် ယနေ့ နံနက် ၀၉:၅၀ နာရီက လူငယ်နှင့် အွန်လိုင်းအကြောင်း အသိပညာပေး Talk Show ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသွယ်နှင့် အငယ်တန်းစာရေး ဒေါ်စုစုစံတို့က “လူငယ်တွေအနေနဲ့ အွန်လိုင်းကို အကျိုးရှိစွာ ဘယ်လိုအသုံးချရမလဲ၊ အွန်းလိုင်းပေါ်ကနေ သင်ပြနေတဲ့ သင်တန်းတွေနဲ့ ပတ်သက်ပြီး လူငယ်တွေရဲ့ခံယူမှု၊ အွန်လိုင်းမှသင်ကြားမှုတွေရဲ့ ကောင်းကျိုးနဲ့ဆိုးကျိုး၊ လူငယ်တွေအနေနဲ့ အွန်လိုင်းကိုအသုံးပြုပုံ ဘာကြောင့်မှားယွင်းနေရတာလဲ” စတဲ့ အသိပညာပေး အကြောင်းအရာတွေကို မေးမြန်းခဲ့ရာ စာရေးဆရာ မောင်နေအေး (G.T.I)က လူငယ်တွေအနေနဲ့ အွန်လိုင်းကနေ သတင်းအချက်အလက်တွေ၊ အခြားအကြောင်းအရာတွေကို အလွယ်တကူရှာဖွေနိုင်တဲ့ နည်းပညာခေတ်ကြီးမှာ အွန်လိုင်းကို အကျိုးရှိစွာ အသုံးချတတ်ဖို့ လိုအပ်ပါတယ်။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားပုံအတိုင်း အချိန်ပြည့် သုံးနေမယ်ဆိုရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးအခက်အခဲတွေ ဖြစ်နိုင်လာနိုင်ပါတယ်။ သုံးရင်းနဲ့ မိမိကိုယ် ကိုယ် မေးခွန်းတွေ ထုတ်လို့ရပါတယ်။ သို့မှသာ ကိုယ်ဘာလုပ်နေလဲဆိုတာကို သတိပြု ဆင်ခြင်နိုင် မှာဖြစ်ပါကြောင်းနှင့် အွန်းလိုင်းသင်တန်းတွေမှာ လက်တွေ့ကျကျ သင်ပြလို့မရနိုင်တာရှိသလို၊ အကျိုးရှိတဲ့ သင်တန်းတွေလည်း ရှိပါကြောင်း ဆယ်ကျော်သက် လူငယ်တွေ အွန်းလိုင်းကို အသုံးပြု မှုမှန်ကန်ဖို့ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
သို့ဖြစ်ရာ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် အသိပညာပေး လုပ်ငန်းများကို ကိုဗစ်-၁၉ရောဂါ ကြိုတင်တားဆီးကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ပြီး၊ အသိပညာပေး Talk Show ကို ရန်ကင်းမြို့နယ်ပြည်သူ့စာကြည့်တိုက် Page တွင်လည်း လွှင့်တင်သွားမည်ဖြစ်ရာ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ရန်ကင်းမြို့နယ်ရုံးမှ သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)