လယ်ဝေး စက်တင်ဘာ ၁၀
နေပြည်တော်ကောင်စီမှ လယ်ဝေးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စုများအား ယနေ့့နံနက်ပိုင်းက ဆန်များစျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့သည်။
လယ်ဝေးမြို့အမှတ် (၂) ရပ်ကွက်နှင့် အမှတ် (၄) ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် ဆန်တစ်ပြည်နှုန်း၊ ဆန်တစ်ပြည်ကို (၁၀၀၀) ကျပ်ဖြင့် ပြည် (၂၁၀) ရောင်းချပေးခဲ့ရာ လယ်ဝေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်း ချက်များနှင့်အညီ ကြီးကြပ်ဆောင်ရွက်ပေးခဲ့ပြီး၊ ကျန်ရပ်ကွက်များတွင်လည်း ဆက်လက် ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)