ကျောက်တံတားမြို့နယ်တွင် ပြည်သူများ ဈေးနှုန်းချိုသာစွာဖြင့် အခြေခံစားသောက်ကုန်များ ဝယ်ယူနိုင်ရေးရောင်းချပေးလျက်ရှိ

ကျောက်တံတား  စက်တင်ဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ပြည်သူများအနေဖြင့် နေ့စဉ်လူမှုဘဝ စားသောက် ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် အခြေခံစားသောက်ကုန်များကို စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် အခြေခံစားသောက်ကုန်များကို  ဈေးနှုန်းချိုသာစွာ နေ့စဉ်ရောင်းချပေး လျက်ရှိရာ ကျောက်တံတားမြို့ နယ်တွင်လည်း အမှတ်(၃)ရပ်ကွက်၊ ဓမ္မံရံသီဓမ္မာရုံ၌ ယနေ့နံနက် ၉ နာရီအချိန်မှစတင်၍ ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ရောင်းချရာတွင် ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ လိုက်နာမှု ရှိစေရေးနှင့် ပြည်သူများ အဆင်ပြေချောမွေ့စွာဝယ် ယူနိုင်ရေးတို့အတွက် ကျောက်တံတားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌဦးမြင့်စိန်‌ ဦးဆာင်ပြီးဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကြီးကြပ်ကူညီဆောင် ရွက်ပေးခဲ့ ကြောင်းသိရသည်။

အဆိုပါ အခြေခံစားသောက်ကုန်များကို ‌ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်၊  စားဆီ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊  ကြက်ဥတစ်လုံးလျှင် ၁၇၅ ကျပ်နှုန်းဖြင့် နေ့စဉ်ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။

ရွှေဇင်ခိုင်(ပြန်/ဆက်)