မိုင်းခတ် စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်မြို့နယ်မီးသတ်တပ်ဖွဲ့များကငလျင် သဏ္ဍာတူဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြခြင်းကိုအခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက် ၉နာရီ အချိန်ကပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင်မြို့နယ် မီးသတ်ဦးစီးမှူးစိုင်းဇင်ကိုလတ်နှင့် တပ်ဖွဲ့ဝင်များကအ ဆောက်အဦအတွင်းမှကျောင်းသူ/သားမျာအား ဘေးကင်းလုံခြုံသည့်နေရာသို့ပို့ဆောင်ရေးလေ့ကျင့်ခြင်း၊ ပြိုပျက်မီးလောင်နေသည့် အဆောက်အဦ ကွင်းပြင်အားရှင်းလင်းရေးဆောင်ရွက်ခြင်း၊ မီလောင်နေသည့် အဆောက်အဦအားတပ်ဖွဲ့များမှ မီးငြိမ်းသတ်ရေးလုပ်ငန်းဆောင်ရွက်ခြင်း၊ လျင်ဒဏ်ကြောင့် ပြိုပျက်ဖိမိနေသည့် လူနားအားကယ်ဆယ်ရေးဆောင်ရွက်ခြင်း၊ အတားအဆီးများပိတ်မိနေသည့် ထွက်ပေါက်အားရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့မှ ဖြတ်တောက်ဝင်ရောက်ရှာ ဖွေရေးလေ့ကျင့်ခြင်း၊ အထပ်မြင့်တိုက်ပေါ်မှ အသက်ကယ်ကြိုးဖြင့် သယ်ဆောင်ကယ်ဆယ်ရေးလေ့ကျင့်ခြင်း လုပ်ငန်းများ ဇာတ်တိုက်လေ့ကျင့်ခြင်း များသရုပ်ပြဆောင်ရွက်ခဲ့ကြသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်စိုးနှင့်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/မ များ၊ ကျောင်းသား/သူများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့နယ် ပြန်/ဆက်