ကလော စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကလောမြို့ မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးပြည့်ဖြိုးငြိမ်း၊ အဖွဲ့ဝင်(၁)ဗိုလ်မှူး နိုင်လင်းထွန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးထွန်းဝင်းတို့က လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေနှင့် ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှုနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်အဆင့် ဌာနဆိုင်ရာအဖွဲ့များက သက်ဆိုင်ရာ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ပေးနေမှု အခြေအနေများနှင့် ကဏ္ဍအလိုက် ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများက ဒေသအတွင်း ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးလုပ်ငန်းများ စသည့် ဒေသလိုအပ်ချက်များကို ဆွေးနွေးတင်ပြခဲ့ပြီး ပြည်သူများ၏ တင်ပြချက်၊ လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ပြန်/ဆက်)