စဉ့်ကိုင် စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအနေ ဖြင့်စာပေဖတ်ရှုခြင်း အလေ့အကျင့်ကောင်းများရရှိစေပြီး အမှား၊ အမှန်၊ ဝေဖန်ပိုင်းခြား တတ်စေရန် ရည်ရွယ်၍ ပြည်သူများ လက်ဝယ်အရောက် ဌားရမ်းပေးလျှက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ရေးဦးစီးဌာန မှဒေါ်စန္ဒာအေးအောင်(ဒုတိယဦးစီးမှူး)နှင့် ဒေါ်နှင်းအိအိခိုင် (စာကြည့်တိုက်လက်ထောက်-၃) တို့က ယမန်နေ့ မွန်းလွဲ(၁)နာရီကမြို့နယ်စာရင်းစစ်ရုံးတွင် နယ်လှည့်မိုလ်ဘိုင်းစာကြည့်တိုက် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်သို့လာ ရောက်လေ့လာဖတ်ရှုလိုသော်လည်း ဌာနဆိုင်ရာများအနေဖြင့် အခက်အခဲများရှိသည့် အတွက် စာဖတ်၊ စာငှား ပရိတ်သတ်များအတွက် စာအုပ် ၊ စာစောင်များ အလွယ်တကူ ငှားရမ်း ဖတ်ရှုနိုင်ရေး နယ်လှည့် မိုလ်ဘိုင်း စာကြည့်တိုက်လုပ်ငန်းဖြင့် လက်ဝယ်အရောက် ၀န်ဆောင်မှုပေးလျက်ရှိရာ စာဖတ်ပရိတ်သတ်အကြိုက်စာအုပ်များအား တစ်ပတ်တစ်ကြိမ်လဲလှယ်ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)