မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်း တာဝန် နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ရပ်ကွက်/ကျေးရွာအုပ်စု လူကုန်ကူးမှုတားဆီးကာကွယ် ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန် နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို ယနေ့နံနက်(၁၀)နာရီက ကျဒယ် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့၊ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များပါရှိသည့် နံရံကပ်ဘုတ် အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က ကျဒယ်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်နာဘိုရှီးထံသို့ ပေးအပ်ခဲ့သည်။

အဆိုပါ နံရံကပ်ဘုတ်ချိတ်ဆွဲခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်၊ ရပ်ရွာအခြေပြု လူကုန်ကူးမှု စိစစ်ဖော်ထုတ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)