ဆွမ်ပရာဘွမ်မြို့တွင် ယာဉ်ကြီး ယာဉ်ငယ်နှင့် ဆိုင်ကယ်ဖြင့် ဖြတ်သန်းသွားလာကြသူများအား Mask Campaign ဆောင်ရွက်

ဆွမ်ပရာဘွမ်  စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ယာဉ်ကြီးယာဉ်ငယ်နှင့် ဆိုင်ကယ်ဖြင့် ဖြတ်သွားဖြတ်လာ ကြသူများအား ယနေ့ နေ့လယ် ၁၂ နာရီချိန်က ဆွမ်ပရာဘွမ်မြို့က ဘရန်ခူး ရပ်ကွက်ရှိ စုပေါင်းဂိတ်၌ ဆောင်ရွက်သည်။

အဆိုပါ Mask Campaign ဆောင်ရွက်မှုလုပ်ငန်းကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့် အညီ မြို့နယ် Coronavirus Disease 2019 (Covid-19) ထိန်းချုပ်ရေးနှင့်​အရေးပေါ်တုံ့ပြန်ရေးကော်များက ဦးဆောင်လျက် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုပြည်ထောင်စု လမ်းမပေါ်၌ ဖြတ်သွားဖြတ်လာကြသော ယာဉ်ကြီးယာဉ်ငယ်နှင့် ဆိုင်ကယ်စီးကြသူ လက်ဝယ်အရောက် Mask အထုတ် ၁၀ ထုတ်ကို Mask campaign ဆောင်ရွက်ပြီး Mask များကို စနစ်တကျတပ်ဆင်စေသည်။ အဆိုပါ လုပ်ငန်းဆောင်ရွက်ရာ၌ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးတပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကျေးစာရေးများ ပါဝင်ဆောင်ရွက်ခဲ့သည်။

ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)