မော်လမြိုင် စက်တင်ဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၌ မြို့နယ်အတွင်းရှိ တိုင်းရင်းသား ပြည်သူများ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တွေ့ဆုံဆွေးနွေးပွဲ ကို ယနေ့နံနက် ၉ နာရီခွဲက နောင်ခရီကျေးရွာ ရွှေနတ်တောင် အထက်တန်းကျောင်းနှင့် ကော့ခနိကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် (၁) ဗိုလ်မှူး ရဲဇော်ထွဠ် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်များ ဌာနဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် ပြည်သူများ၏ လိုလားချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးခြင်းဖြစ်ရာ နယ်မြေတည်ငြိမ်အေးချမ်းရေး၊ ရပ်ရွာပြည်သူများ၏ ဒေသဖွံ့ဖြိုးရေးအတွက်လာရောက်ရခြင်းဖြစ် ကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ ဌာနဆိုင်ရာ တာဝန်ရှိသူများက အချိုးကျကိုယ်စားပြု PR စနစ် ဖြင့် ဆန္ဒမဲပေးနိုင်ရေး၊ ရပ်ရွာဖွံ့ဖြိုး တိုးတက်ရေး၊ လူတိုင်းအတွက်ပညာရေး၊ မီးဘေးအန္တရာယ်နှင့် တောမီးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ အိမ်ထောင်စု လူဦးရေစာရင်းအကြောင်း၊စိုက်ပျိုးရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်းတံတား၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး၊ အစိုးရနှင့် ပြည်သူများအကြား သတင်းအချက်အလက်များနှင့် အသိပညာပေးကဏ္ဍများ ဆောင်ရွက်ပေးနေမှုတို့ကို ဆွေးနွေး ကြရာ တက်ရောက်လာသည့် ပြည်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှုးရုံးမှမြို့နယ်ဦးစီးမှုးနှင့်ဝန်ထမ်းများက အိမ်ထောင်စု သန်းခေါင်စာရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှတိရစ္ဆာန်များအား ရောဂါကာကွယ်ဆေးများ ထိုးနှံ ပေးခြင်း၊ ကျန်းမာရေးဌာနမှ ရပ်ကွက်နေပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်