တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

တနိုင်း စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးက ကိုဗစ်-၁၉ ပိုးတွေ့လူနာ များရှိလာပါက ဆေးရုံနေရာများ ပြင်ဆင်ထားရှိရန်၊ ဟူးကောင်းခန်းမနေရာနှင့် အားကာခန်းမ နေရာများ၌လည်း  သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့မှ ရေ၊ မီး လိုအပ်သည်များ ဝိုင်းဝန်းပြင်ဆင်ဆောင်ရွက် ထားရှိရန်၊ သန့်ရှင်းရေးများဆောင်ရွက်ထားရန်၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီဝန်ထမ်းများမှ ဝိုင်းဝန်း ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ နှင့် ပတ်သက်ပြီး အသိပညာပေးရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့်  Mask Campaign များ ဌာနဆိုင်ရာများ ပူးပေါင်း၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဇော်လွမ်းတူး၊  မြို့နယ်ဆရာဝန်ကြီး၊ မွေးမြူရေးနှင့် ကုသရေး ဒေါက်တာအောင်ကျော်မင်း၊ မြို့နယ်စက်မှုလယ်ယာ ဦးစီးမှူး ဦးထွန်းအောင်ကျော်နှင့် ဌာနဆိုင်ရာများက အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။

မနောမြေ(တနိုင်း)