ပန်းဘဲတန်း စက်တင်ဘာ ၉
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ပန်းဘဲတန်းမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယမန်နေ့နံနက်(၁၀:၀၀)နာရီက မဟာဗန္ဓုလမ်းနှင့်(၂၆)လမ်းထိပ်၊ အမှတ်(၂)ရပ်ကွက်တွင် စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆန် ၊ ဆီ၊ ကြက်ဥများကို သတ်မှတ်ဈေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင် ဆီတစ်ပိဿာ ၅၃၀၀/- ကျပ်နှုန်း၊ ဆန်တစ်ပြည် ၁၆၀ဝ/-ကျပ်နှုန်း ၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်နှုန်းဖြင့် မဟာဗန္ဓုလလမ်းနှင့်(၂၆)လမ်းထိပ်၊ အမှတ်(၂)ရပ်ကွက်တွင် ၆.၉.၂၀၂၂ ရက်နေ့မှစ၍ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာရဲနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကြည်ကြည်နွဲ့(ပြန်/ဆက်)