ဒဂုံ စက်တင်ဘာလ ၉
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် ပြည်သူများ အခြေခံစားသောက်ကုန်များကို စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူနိုင်ရန်ရည်ရွယ်ကာ ယမန်နေ့နံနက် ၉:၃၀နာရီက ဒဂုံမြို့နယ်၊ ယောမင်းကြီးရပ်ကွက်၊ ဗိုလ်ရာညွန့်လမ်းနှင့် နဝဒေးလမ်းထောင့်တွင် ပြည်သူများအား အခြေခံစားသောက်ကုန်များကို လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် ဆန်တစ်ပြည်လျှင် ၁၅၈၅ ကျပ်၊ စားဆီတစ်ပိဿာလျှင် ၅၃၀၀ ကျပ်၊ ကြက်ဥ တစ်လုံးလျှင် ၁၇၅ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန် ၁ ပြည်၊ ဆီ ၂၅ ကျပ်သားနှင့် ကြက်ဥ ၁၀ လုံးစီတို့အား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် ဆန် ၂၄ ပြည်ဝင် ဆန်အိတ် ၁၀ အိတ်၊ ဆီ ၁၁၀ ပိဿာ၊ ကြက်ဥအလုံး ၁၀၀၀ ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ရောင်းချခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းသူကျော်၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများက ကြီးကြပ်ကွပ်ကဲ၍ ရောင်းချပေးခဲ့ကြကြောင်း သိရသည်။
မေသန္တာ