ပျော်ဘွယ်မြို့နယ်တွင် အခြေခံလူတန်းစားများအတွက် ချိုသာသောစျေးနှုန်းဖြင့် စားသုံးဆီများရောင်းပေး

ပျော်ဘွယ် စက်တင်ဘာ ၉

ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်များအသင်းနှင့် မြို့နယ်ကုန်သည်ကြီးများအသင်းတို့ ပူးပေါင်း၍ အခြေခံလူတန်းစားများအား ချိုသာသောစျေးနှုန်းဖြင့် စာသုံးဆီရောင်းချပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ညောင်နွယ်ကျေးရွာတွင် ရောင်းချပေးခဲ့ကြောင်း သိရသည်။

စားသုံးဆီများကို အခြေခံလူတန်းစားများ စျေးနှုန်းချိုသာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် ရောင်းချပေးလျက်ရှိရာ တစ်ပိဿာလျှင် (၅၅၀၀) ကျပ်နှုန်းဖြင့် အိမ်ထောင်စု(၁)စုလျှင် (၅၀) ကျပ်သား နှုန်းရောင်းချပေးခဲ့ပြီး စုစုပေါင်း (၅၅၀) ပိဿာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။

မြို့နယ် ကုန်သည်ကြီးများအသင်းနှင့် စားသုံဆီလုပ်ငန်းရှင်များ ပူးပေါင်း၍ သတ်မှတ်ရက် များအလိုက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင်လည်း အခြေခံလူတန်းစားများ စျေးနှုန်း ချိုသာစွာဖြင့် ဝယ်ယူရရှိနိုင်ရန် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကုန်သည်ကြီးများအသင်းထံမှ သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)