နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား ငွေကျပ်သိန်းနှစ်ထောင်ကျော် ထောက်ပံပေးအပ်

နေပြည်တော်  စက်တင်ဘာ ၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ပျဉ်းမနားမြို့နယ်ရှိ မင်္ဂလာဗျူဟာသာသနာ့ဗိမာန်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်က အမှာစကားပြောကြားရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန စေတနာ့ ဝန်ထမ်းအဖွဲ့အစည်းများက ဖွဲ့စည်းထားရှိသည့် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာများ ဘိုးဘွားရိပ်သာများ၊ ကိုယ်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၊ စေတနာ့ဝန်ထမ်း အမျိုးသမီး များ၊ စေတနာ့ဝန်ထမ်း မသန်စွမ်းဂေဟာများအား စည်းမျဉ်းစည်းကမ်းများနှင့်အညီ တည်ထောင် ခွင့်ပြုမိန့်ပေး၍ နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထောက်ပံ့ငွေများ ထောက်ပံ့ပေးလျက်ရှိရာ နေပြည်တော် အတွင်းရှိ တည်ထောင်ခွင့်ပြုမိန့် ရရှိထားတဲ့ ဘိုးဘွားရိပ်သာ(၂)ခု၊ လူငယ်ဖွံ့ ဖြိုးရေး ပရဟိတဂေဟာ(၅)ခု၊ စေတနာ့ဝန်ထမ်း အမျိုးသမီးဂေဟာ(၂)ခု၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၅၅)ကျောင်းတို့ အား ထောက်ပံ့ပေးသွားမှာ ဖြစ်ပါကြောင်း၊ စေတနာ့ ဝန်ထမ်းအဖွဲ့ အစည်းများမှ တာဝန်ရှိသူများအနေနဲ့လည်း လူမှုဝန်ထမ်းဦးစီးဌာနမှ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများ တည်ထောင်ခွင့်ပြုမိန့် မှတ်ပုံတင်ရေး လမ်းညွှန်စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ကြဖို့လိုအပ်သလို မိမိတို့ဂေဟာတွေမှာ စောင့် ရှောက်ထားတဲ့ ကလေးသူငယ်များကိုလည်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့်အညီစောင့်ရှောက်မှုပေးနိုင်ရေး ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ နိုင်ငံတော်အနေနဲ့ ပြည်သူတို့၏ အနာဂတ် လူမှုစီးပွား ဘဝဖွံ့ဖြိုး တိုးတက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တက်ရောက်လာတဲ့ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများအနေနဲ့ လူမှုဝန်ထမ်းဦးစီးဌာနက ချမှတ်ထားတဲ့ ဥပဒေ၊ နည်းဥပဒေတွေကို လေးစားလိုက်နာကြပြီး မိမိတို့အဖွဲ့အစည်း မိမိတို့စောင့်ရှောက် ထားသည့် ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးများရဲ့ ဘဝအမှန်တကယ် တိုးတက်ကြီးပွားဖွံ့ဖြိုးစေရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်လူမှုဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှိုင်မိုးမြတ်က လူမှုဝန်ထမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များအကြောင်းနှင့် ထောက်ပံ့ကြေး ပေးအပ်ရခြင်းဆိုင်ရာ ကိစ္စရပ်များအား  ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ နေပြည်တော်အတွင်းရှိ ပရဟိတဂေဟာ (၅)ခုအတွက် ထောက်ပံ့ငွေကျပ် (၁၁၇၈၇၆၀၀ဝ)အား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီးမင်းနောင်ကလည်းကောင်း၊ နေပြည်တော် ဥတ္တရခရိုင်နှင့် ဇေယျာသီရိခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၃၇) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၃၉၂၂၀၀၀၀) အား နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းကလည်းကောင်း၊  နေပြည်တော်ပျဉ်းမနားခရိုင်နှင့် လယ်ဝေး ခရိုင် အတွင်းရှိ ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်း (၁၈) ကျောင်းအတွက် ထောက်ပံ့ငွေကျပ် (၁၉၀၈၀၀၀၀) အား နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးကလည်းကောင်း၊  နေပြည်တော်အတွင်းရှိ အမျိုးသမီးဂေဟာ(၂)ခုအတွက် ထောက်ပံ့ငွေကျပ် (၁၅၇၆ ၈၀၀ဝ) အား နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝင် ဦးမောင်မောင်နှင့် နေပြည်တော်အတွင်းရှိ ဘိုးဘွားရိပ်သာ (၂)ခုအတွက် ထောက်ပံ့ငွေ (၁၁၅၃၈၀၀ဝ) အား နေပြည်တော် ကောင်စီအဖွဲ့ဝင် ရဲမှူးကြီးကိုကိုလွင်ကလည်းကောင်း စုစုပေါင်း ထောက်ပံ့ငွေ ကျပ် ၂၀၃၄၈၂၀၀၀ (နှစ်ထောင့်သုံးဆယ့်လေးသိန်းရှစ်သောင်းနှစ်ထောင်)အား အသီးသီးပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ပရဟိတဂေဟာများ၊ ဘိုးဘွားရိပ်သာ၊ အမျိုးသမီးဟာများနှင့် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းများ၏ကိုယ်စား စမတောင် လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ဦးနိုင်အောင်ချစ်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

အောင်ကိုကို(ပြန်/ဆက်)