မိုင်းရယ်၌ ကိုဗစ်-၁၉ ရောဂါ အသိပညာပေး နှာခေါင်းစည်းအခမဲ့ဖြန့်ဝေခြင်းနှင့် လူတိုင်း နှာခေါင်းစည်းဝတ်ဆင်ရေးစည်းရုံးလှုံ့ဆော်မှုပြုလုပ်

မိုင်းရယ် ဩဂုတ် ၁၉

မြန်မာနိုင်ငံတွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ရောဂါပိုး BA.2.75၊ BA.4၊ BA.5 ကူးစက်မှုများ တွေ့ရှိနေရပြီး မိုင်းရယ်မြို့နယ် ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် နိုင်ရန်အတွက် ကာကွယ်ရေး စည်းကမ်းများနှင့်အညီ သွားလာနေထိုင်ရန်အတွက် အသိပညာပေး နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်းနှင့် လူတိုင်းနှာခေါင်းစည်းဝတ်ဆင်ရေး စည်းရုံးလှုံ့ဆော်မှု ကို ယနေ့နံနက် ၇ နာရီက မိုင်းရယ်မြို့တွင် ပြုလုပ်သည်။

အဆိုပါ အသိပညာပေး နှာခေါင်းစည်းဝတ်ဆင်ရေးကို ယာယီစစ်ဗျူဟာမှူး၊ မြို့နယ် စီမံအုပ် ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်ပေးခဲ့ပြီး  ဌာနဆိုင်ရာဝန်ထမ်းများ၊ တပ်ရင်းတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြို့အဝင်လမ်း၊ မြို့လယ်ဘုရားနှင့် ရပ်ကွက်များအတွင်း ပြည်သူများအား ပါးစပ်နှင့်နှာခေါင်းစည်းများကို အခမဲ့ဖြန့်ဝေခဲ့သည်။

မိုင်းရယ် ပြန်/ဆက်