မိုင်းဖြတ် စက်တင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေးအတွက် အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက် ၁၀နာရီက ဆွပ်ပန်းကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာတို့၌ အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာကြည့်တိုက်လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းနှင့် ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် လိုက်နာရမည့် စည်းကမ်းများ၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည့် အခြေအနေများ၊ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးခြင်းဖြင့် ရောဂါကူးစက်မှုကို ကြိုတင်ကာကွယ်ရေး စသည့်အချက်များကို ရှမ်း/မြန်မာ နှစ်ဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဦးတည်အုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိရာ ဒေသခံပြည်သူ လျာထားဦးရေ (၂၁၀၄၀)ဦးအနက် ပထမအကြိမ် ထိုးနံပြီးသူ (၁၉၄၅၅)ဦး၊ ဒုတိယအကြိမ်ထိုးနံပြီးသူ (၁၈၉၆၈)ဦး ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)