မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာဖတ်ချိန်မြှင့်တင်ရေး ကျောင်းသား/ကျောင်းသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်

မြောက်ဦး စက်တင်ဘာ ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန Community Center ခန်းမ၌ ယမန်နေ့ နေ့လယ် ၁ နာရီ  အချိန်က ကျောင်းသား /ကျောင်း သူများနှင့် စာဖတ်ချိန်မြှင့်တင်ရေး  စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခိုင်စန္ဒာထွန်းမှ ကျောင်းသား/ကျောင်းသူများကို စာဖတ်ချိန်မြှင့်တင်ရေးအတွက် "လိမ္မာသောငှက်ကလေး" ရုပ်ပြစာအုပ်ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး   ထိုစာအုပ်ပါ အကြောင်းအရာထဲမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးခဲ့သည်။   ထိုသို့ စာဖတ်ချိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းပြုလုပ်ပေးခြင်း ဖြစ်ပြီး အသိပညာပိုမိုမြင့်မားစေရန် အားလပ်ချိန်တိုင်းတွင် စာကြည့်တိုက်သို့လာရောက် ကြရန်နှင့်  စာများများ ဖတ်ရှုကြရန် ပြောကြားခဲ့ သည်။ ထိုစာဖတ်ဝိုင်းသို့ ကျောင်းသား / ကျောင်း သူ (၂၀) ဦး တက်ရောက်ကြပြီး စာဖတ်စွမ်းရည်မြှင့်တင်ရေးအတွက် မိမိတို့အားလပ်ချိန်တွင် စာကြည့်တိုက်သို့ လာရောက်ပြီး စာအုပ်စာပေများ ဖတ်ရှုကြရန်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်စိုး (ပြန်/ဆက်)