လင်းခေး စက်တင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ လင်းခေးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး၊ စည်ပင်သာယာပျံကျဈေးရှေ့၌ ယနေ့ နံနက် ၇ နာရီအချိန်ကစ၍ ကိုဗစ်-၁၉ ရောဂါနှင့် မျိုးရိုးဗီဇပြောင်းဗိုင်းရပ်စ်များ ကူးစက်ခံရမှုမရှိစေရန် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး၊ ပြည်သူများနေအိမ်မှ ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်သွားလာရေး Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် လင်းခေးမြို့ အခြေချစစ်ဗျူဟာမှူးကြီး၊ လင်းခေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းမျာ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များအပေါ် လိုက်နာကြရန်၊ ပြည်သူများ နေအိမ်မှ ပြင်ပသို့ ထွက်ခွာသည့် အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)စနစ်တကျ တပ်ဆင်ကြစေရေး လှုပ်ရှားမှုအဖြစ် (Mask) အခုရေ(၂၀၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ပြီး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်