တောင်ဥက္ကလာပမြို့နယ်၌ ပြည်သူများလက်ဝယ်အရောက် ဆန်၊ ဆီ၊ ကြက်ဥများအား သက်သာသောစျေးနှုန်းဖြင့် ဆက်လက်ဖြန့်ဖြူးရောင်းချ

တောင်ဥက္ကလာပ   စက်တင်ဘာ    ၉

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဦး​ဆောင်၍ ယမန်နေ့နံနက်(၀၉:၀၀)နာရီတွင် အမှတ်(၁၄)ရပ်ကွက်၊‌ ဝေနေယျသုခဓမ္မာရုံ၌ စားသုံးသူပြည်သူများ လက်ဝယ်အရောက် သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဆီ၊ ကြက်ဥများကို သတ်မှတ်​စျေးနှုန်းများအတိုင်း ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် ပြည်သူတစ်ဦးလျှင်  ဆီတစ်ပိဿာ ၅၃၀၀/- ကျပ်၊ ဆန်တစ်ပြည် ၁၆၀ဝ/-ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၁၇၅/-ကျပ်ဖြင့်  အမှတ်(၁၄)ရပ်ကွက်၊ ဝေနေယျသုခဓမ္မာရုံ၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

အဆိုပါရောင်းချရာနေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမှတ်(၁၄)ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များကကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)