မဘိမ်းမြို့၌ နိုင်ငံ့ဝန်ထမ်းများအား စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး

မဘိမ်း စက်တင်ဘာ ၉                            

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး သုံးကြိမ်ထိုးနှံထားပြီးဖြစ်သော နိုင်ငံ့ဝန်ထမ်းများအား စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovax) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးရာတွင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေးသုံးကြိမ် ထိုးနှံထားပြီးဖြစ်သော နိုင်ငံ့ဝန်ထမ်း(၂၆၉)ဦးတို့အား စတုတ္ထအကြိမ် ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovax) ကို ကျန်းမာရေးဝန်ထမ်းများက ထပ်မံထိုးနှံပေးလျက်ရှိပြီး စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော နိုင်ငံ့ဝန်ထမ်းများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ စတုတ္ထအကြိမ် ထပ်ဆောင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovax) ထိုးနှံပေး ရာသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မျိုးမင်း (ပြန်/ဆက်)