သုံးခွ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးဆက်ပြန့်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် မြို့နေပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်သည့်အလေ့အထများရရှိစေရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စျေးရောင်းစျေးဝယ်ပြည်သူများနှင့် လမ်းသွားလမ်းလာ ပြည်သူများအား Mask များ (အခမဲ့)ဖြန့်ဝေပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့မစျေးကြီးအတွင်းအပြင်တို့တွင် ပြုလုပ်ခဲ့သည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့မစျေးကြီးအတွင်း စျေးရောင်းစျေးဝယ် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းနှင်သူများ၊ လမ်းသွားလမ်းလာပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေး၊ နှာခေါင်းစည်း Mask ကို အပြင်ထွက်တိုင်းတပ်ဆင်သည့် အလေ့အကျင့်ရရှိစေရန်အတွက် နှာခေါင်းစည်း Mask (၂၀၀၀)ကျော်ကိုဖြန့်ဝေ၍ Mask campaign ပြုလုပ်ခဲ့ကြောင်းသိရသည်။
Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်နှင့်အဖွဲ့၀င်များ၊ ကျန်းမာရေး၀န်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
စည်သူလင်း (ပြန်/ဆက်)