မိုင်းဖြတ်မြို့နယ်၌ ကျွန်တော့်အတွေးခေါ်မှတ်စုများစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

မိုင်းဖြတ် စက်တင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  စာပေချစ်မြတ်နိုးသူများအသ (Book Club)က ကျင်းပပြုလုပ်သည့် စာဖတ်ဝိုင်းကို ယမန်​နေ့ နံနက် ၁၀နာရီက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ စာပေချစ်မြတ်နိုးသူများအသင်း ဥက္ကဋ္ဌဦးမျိုးတင့်က စာပေများဖတ်ရှုလေ့လာခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရှောလမွန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် စာရေးဆရာ တက်တိုးရေးသားထားသည့် ကျွန်တော့်အတွေးအခေါ်မှတ်စုများ စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပပြုလုပ်ရာ   စာပေချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဦးအောင်မြတ်မိုးက စိတ်နှင့် ရုပ်သဘောခေါင်းစဉ်ပါ အကြောင်းအရာများကို လည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးရာဇာဝင်းထွန်းက အနှစ်နှင့် အကာသဘောခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း၊ ဦးစိုင်းလောင်ခေးက မိမိကိုယ်ကိုမိမိ ပြန်ကြည့်ခြင်း ခေါင်းစဉ်ပါ အကြောင်းအရာများကိုလည်းကောင်း အသီးသီး ဖတ်ကြားခဲ့ပြီး  ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထွန်း​အေး