မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ​ဗုဒ္ဓသာဝိကာသီလရှင် စာသင်တိုက်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

မန္တလေး စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊  ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာသီလရှင်စာသင်တိုက်တွင် ယနေ့နံနက် ၉ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရခြင်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လွှမ်းခြုံမှု အလျင်အမြန်ရရှိစေရန် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ကြောင်း ပြည့်သူကျန်းမာရေးဦးဌာနမှ တာဝန်ရှိသူတစ်ဦးမှ ပြောကြားခဲ့ပြီး၊ ကာကွယ်ဆေးထိုးနှံရာတွင် ကိုယ်အပူချိန်တိုင်းကာပေးခြင်း၊ သွေးပေါင် ချိန်တိုင်းပေး ခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ပြည်ကြီးတံခွန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်းများက ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ဗုဒ္ဓသာဝိကာ သီလရှင်စာသင်တိုက်ရှိ သီလရှင်အပါး (၁၇၀) အား ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ကြောင်းသိရသည်။

ရှမ်းလေး (ခရိုင်sပြန်/ဆက်)