ညောင်ဦးမြို့နယ်၌ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေး

ညောင်ဦး  စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ကြီးကြပ်လမ်းညွှန်မှုဖြင့် ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒေသခံပြည်သူများ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူနိုင်ရန်ရည်ရွယ်လျက် ယနေ့နံနက် ၉ နာရီအချိန်မှစတင်ကာ ညောင်ဦးမြို့နယ် ပုဂံမြို့၊ ကျန်စစ်သားရပ်ကွက်နှင့် မြင်းကပါကျေးရွာတို့တွင် စားသုံးဆီနှင့် အခြေခံစားသောက်ကုန်များ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ ဆန်တစ်ပြည်၊ ကြက်သွန်ငါးဆယ်ကျပ်သား၊ ဆားငါးဆယ်ကျပ်သား၊ ကြက်ဥ ငါးလုံးတို့ကို (၄၅၀၀) ကျပ်ဖြင့် ရောင်းချပေးခြင်း၊ စားသုံးဆီငါးဆယ်ကျပ်သားကို ၂၇၅၀ ကျပ်ဖြင့် သက်သာသောဈေးနှုန်းဖြင့် ဒေသခံပြည်သူများအားရောင်းချပေးခဲ့ရာ ဆီပိဿာချိန် ၆၆၀ ပိဿာနှင့် ဆန်၊ ကြက်ဥ၊ ကြက်သွန်၊ ဆားတို့အား အိမ်ထောင်စု (၃၅၀) စုစာ ရောင်းချပေးနိုင်ခဲ့ကြောင်း သိရသည်။ စားသုံဆီများအား ပုဂံမြို့ကျော်စွာရပ်နှင် မြင်းကပါ ကျေးရွာ မြို့ရှေ့ရပ်၊ မြို့ညွှန်ရပ်၊ ရွှေခြံရပ်၊ မြို့မရပ်တို့တွင် ရောင်းချပေးခဲ့ကြောင်းသိရသည်။

အခြေခံစားသောက်ကုန်များ ရောင်းချသည့်နေရာသို့ ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်နှင့် မြို့နယ်စီမံအဖွဲ့ဝင်များမှ ကြီးကြပ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကိုကြေးမုံ