မံစီမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

မံစီ စက်တင်ဘာ ၉

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)၌ ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းမှ စာဖတ်ပရိသတ် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ စာရေးဆရာ လွန်းထားထား ‌ရေးသားထားသည့် “သောကနှင့် ဝေးရာဆီသို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မြသက်ဦးက ဒေသခံပြည်သူများနှင့် စာပေဝါသနာရှင်များအနေဖြင့် စာပေဖတ်ရှုသည့် အလေ့ ကျင့်ကောင်းများ ရရှိလာပြီး စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ တိုးပွား၍ စာပေ ချစ်မြတ်နိုးသူအချင်းချင်း ပြန်လည်မျှဝေကာ ချစ်ခင်ရင်းနှီးမှုရရှိစေရန် ရည်ရွယ်၍ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာသူများက စာရေးဆရာ လွန်းထားထား ရေးသားထားသည့် “သောကနှင့် ဝေးရာဆီသို” စာအုပ်ပါ အကြောင်းအရာများကို တစ်ဦးချင်းစီအလိုက် အလှည့်ကျ ခေါင်းစဉ် တစ်ခုစီဖတ်ကြားဆွေးနွေးပြီး မိမိတို့၏ ထင်မြင်ယူဆချက်များ တွေးခေါ်မှုများကို အပြန်အလှန်သုံးသပ် ဆွေနွေး ခဲ့ကြကြောင်း သိရသည်။ 

မြို့နယ်(ပြန်/ဆက်)