မိုင်းခုတ် စက်တင်ဘာ ၉
၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်၊ ယနေ့တွင်ကျရောက်သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ခန်းမဆောင်၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)မှ မူလတန်းအဆင့် ကျောင်းသား(၁)ဉီး၊ ကျောင်းသူ(၃)ဉီး၊ ပေါင်း(၄)ဉီး၊ အလယ်တန်းအဆင့် ကျောင်းသူ(၇)ဉီးနှင့် အထက်တန်းအဆင့်ကျောင်းသား(၂)ဉီး၊ ကျောင်းသူ(၄)ဉီး၊ ပေါင်း(၆)ဉီး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၇)ဉီး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုလက်ဆောင်များ ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်ထံမှ သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)